International News

ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် ကာလအား တိုးမြှင့်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်

Last Updated:

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ တို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ ( Free ) တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ် သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ယခင်က  ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံများအား ၃၁-၁-၂၀၂၂ နေ့ အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ ၃၁.၃.၂၀၂၂ နေ့အထိ တိုးမြှင့်သတ်မှတ် လိုက်ကြောင်း အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ပါသည်။ ၃၁-၃-၂၀၂၂ နေ့ မတိုင်မီ တင်ပို့သည့်ဆိပ်ကမ်းမှ Bill of Lading  ထုတ်ပေးခဲ့ပါက အိန္ဒိယဆိပ်ကမ်းများတွင် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းမှု လုပ်ငန်းများကို ၃၀-၆-၂၀၂၂ နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Category: International News